Friday, May 22, 2015

၂၀၁၅ ခုနှစ်၊ မေလ ၂၁ ရက်နေ့ နံနက် (၁၁း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ ၊ အမှတ်(၄)ရပ်ကွက်နေ သိန်းဇော်(၃၅)နှစ်၏နေအိမ်တွင် တရားမဝင်နှစ်လုံးထီ လောင်း ကစားပြုလုပ်နေကြောင်းသတင်းအရ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မင်းဘူး မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် ၁၃/၂ဝ၁၅ ဖြင့် ဝင်ရောက်ရှာဖွေခဲ့ ကြောင်း သတင်းရရှိပါသည်။ 

မင်းဘူးမြို့၊ အမှတ် (၄) ရပ်ကွက်နေ သိန်းဇော်(၃၅)နှစ်အား နေအိမ်အောက်ထပ်တွင်တွေ့ရှိရပြီး ၎င်း၏နေအိမ် အောက်ထပ်ေ၊ကြာင်အိမ်အတွင်းမှ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက် စာတမ်းများနှင့် လောင်းကြေးငွေ ၂၁,၉ဝဝိ/-တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် တရားမဝင်နှစ်လုံး ထီ လောင်းကစားပြုလုပ်သူ သိန်းဇော်အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း(ပ)၅၄/၂ဝ၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှု ရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video