Thursday, May 21, 2015



ဂန့်ဂေါ မေ ၂၁
    ဂန့်ဂေါမြို့နယ် ပန်းထိပ်ရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်းမှထောက်ပံ့ထားသည့်  မတည် ငွေ ကျပ် ၅ သိန်းအားမတည်လျှက် ကျေးရွာနေပြည်သူများက ထည့်ဝင်လှူဒါန်းငွေ ကျပ် ၁၃ သိန်းကျော်တို့နှင့် ဆောက်လုပ်သော အလျှား ၂၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၂ ပေရှိ ပျဉ်ခင်း၊ အုတ်ကာ၊ သွတ်မိုးအဆောက်အအုံ ဖွင့်ပွဲနှင့် အဆိုပါစာကြည့်တိုက်အနီးတွင် ရွာဦးကျောင်းဆရာတော်က လှူဒါန်းသည့် ငွေကျပ် ၇ သိန်းခွဲတန်ဘိုးရှိ အလျှား ၁၈ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၁၂ ပေရှိ ပျဉ်ခင်း၊ သွတ်မိုးဖြင့် ဆောက်လုပ်ထားသည့် စာဖတ်ဆောင် များဖွင့်ပွဲကို မေ ၂၁ ရက်နံနက်က အဆိုပါစာကြည့်တိုက်အဆောက်အအုံရှေ့၌ပြုလုပ်ရာ ရွာဦးကျောင်း ဆရာ တော် ဘဒ္ဒ န္တ ကုဝေဒ၊ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦး ထွန်းမင်းဦးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြသည်။
    ထို့နောက် ဆရာတော် ဘဒ္ဒန္တ ကုဝေဒ က သြဝါဒစကားပြောကြား၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်က စာကြည့်တိုက်ရှင်သန်ရေး၊ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ရှင်းလင်းတင်ပြသည်။
    ထို့နောက် ဆရာတော် ဘဒ္ဒန္တ ကုဝေဒ က ငွေကျပ် ၂ သိန်းကျော်တန်ဖိုးရှိ စာအုပ၊်စာစောင်များကို လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေးနှင့် စေတနာ ရှင်များက စုပေါင်း၍လည်းကောင်း ကျေးရွာစာကြည့်တိုက်မှူးထံသို့ စာအုပ်များပေးအပ်လှူဒါန်းကြရာ အဆိုပါ နေ့တွင် လှူဒါန်းကြသည့် စာအုပ်များမှာ သုတစာအုပ် ၂၁၇ အုပ်နှင့် ရသစာအုပ် ၂၁၁ အုပ်တို့ဖြစ်ကြောင်း သိရ သည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video