Friday, May 22, 2015

၂၀၁၅ ခုနှစ်၊ မေလ ၂၀ ရက်နေ့ ညနေ (၆) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့၊ အမှတ်(၃)ရပ်ကွက်အတွင်း မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လှည့်ကင်း တာဝန်ဆောင်ရွက်နေစဉ် အမှတ်(၁) ထင်းတန်းရပ်ကွက်နေ သူရအောင် (၁၈)နှစ်သည် ရပ်ကွက်အတွင်း အများပြည်သူစိတ်ငြိုငြင်အောင် အရက်သောက်စား မူးယစ်ရမ်းကားနေသည်ကို တွေ့ရှိရသဖြင့် သူရအောင် အား ရေစကြိုမြို့နယ်၊ မြို့မရဲစခန်း(ပ)၆၅/၂ဝ၁၅၊ ရဲအက်ဥပဒေပုဒ်မ ၄၇ အရ အရေးယူမှု ဖြစ်ပါသည်။ 

အလားတူ ၂၁.၅.၂ဝ၁၅ ရက်နေ့ နေ့လည် (၃) နာရီအချိန်ခန့်တွင် သရက်ခရိုင်၊ မင်းလှမြို့နယ်၊ စမ်းကြီးကျေးရွာနေ မြင့်စိန်(၃၇)နှစ်မှာ အများပြည်သူသွားလာနေသောလမ်းပေါ်တွင် မူးယစ် ရမ်းကား ၊ နေကြောင်းသတင်းအရ ရွှေချောင်းရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် ဖမ်းဆီးခဲ့ပြီး မြင့်စိန်အား မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်း(ပ) ၅၆/၂ဝ၁၅၊ ရဲအက် ဥပဒေ ပုဒ်မ ၄၇ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video