Saturday, May 23, 2015

၂၀၁၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့ ည (၀၇း၄၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ ရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့၊ အမှတ်(၈) ရပ်ကွက်၊ မြို့မလမ်းပေါ်၊ ရွှေလက်ကီး လက်ဘက်ရည်ဆိုင်အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးရာ မြို့မလမ်းအတိုင်း အမှတ်(၇) ရပ်ကွက်၊ OK 1 ဘီယာဆိုင်မှ အမှတ်(၁)ရပ်ကွက်သို့ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်နေသူ ဦးလင်းဇော်ဝင်း(၃၅)နှစ် မောင်းနှင် လာသော၂၁ယ/xxxxx NEW ANBO 125 အနက်ရောင် ဆိုင်ကယ်သည် လမ်းလယ်ဓါတ်တိုင် အမှတ်(၃၂)အား ၀င်ရောက်တိုက်မိပြီး ဦးလင်းဇော်ဝင်းတွင် ဒဏ်ရာများရရှိခဲ့သဖြင့် ဆိုင်ကယ်မဆင် မခြင် မောင်းနှင်သူ ဦးလင်းဇော်ဝင်းအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ)၈၄/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video