၂၀၁၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့ ည (၀၇း၁၅) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဂန့်ဂေါ-ကလေးကားလမ်း မိုင်တိုင်အမှတ် (၇၃/၃ နှင့် ၇၃/၄)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့် အတူ သွားရောက်စစ်ဆေးရာ ဂန့်ဂေါ-ကလေး ကားလမ်းအတိုင်း ကလေးမြို့နယ်အတွင်း လုပ်ငန်းခွင် မှ မုံရွာမြို့သို့ ပြန်လာသည့် ကျောက်ပန်းတောင်းမြို့နယ်၊ သီးကုန်းကျေးရွာနေသူ ယာဉ်မောင်း တင်မိုးဝင်း (၂၅)နှစ် မောင်းနှင်ပြီး တယ်လီနောဆက်သွယ်ရေး ကုမ္ပဏီမှ အလုပ်သမား ကျား(၁၉)ဦး၊ မ(၁၁)ဦး၊ ပေါင်း(၃၀)ဦး လိုက်ပါလာသော 6C/xxxx SKAT အပြာရောင် (၆) ဘီးယာဉ်သည် ယာဉ်၏ ယာဘက်ရှေ့ဘီး ပြုတ်ထွက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့ တိမ်းမှောက် ခဲ့သဖြင့် ယာဉ်ပေါ်ပါ အလုပ်သမား (၃၀)ဦးအနက် ပုဂံညောင်ဦးမြို့နယ်၊ ငသရောက်၊ အမှတ်(၁) မြောက် ကုန်း ကျေးရွာနေသူ ဆက်သွယ်ရေး မြောင်းတူးလုပ်သား ဦးနန်းဌေး(၃၃)နှစ် အပါအ၀င် ကျား(၁၅)ဦး၊ မ(၆)ဦး၊ ပေါင်း(၂၁)ဦးတို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ တင်မိုးဝင်းအား ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၁၉/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။
Saturday, May 23, 2015
11:24 AM
Unknown
Crime, NEWS, Regional News
No comments

Subscribe to:
Post Comments (Atom)
0 comments:
Post a Comment