၂၀၁၅ ခုနှစ်၊ မေလ ၂၁ ရက်နေ့ ည (၁၁း၃၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့၊ အမှတ်(၂) ရပ်ကွက်နေသူ ကျော်ဇင်ထက် (၂၁)နှစ် နှင့် တစ်ရပ်ကွက်တည်းနေ ၀င်းနိုင်ဦး (၂၀)နှစ် တို့သည် ရေစကြိုမြို့မှ ပခုက္ကူမြို့သို့ ဆိုင်ကယ်ဖြင့်လာရောက်ပြီး ပခုက္ကူမြို့၊ မြို့သစ်ရပ်ကွက်၊ ပခုက္ကူ-ရေစကြိုကားလမ်းနှင့် မြို့ရှောင်လမ်းဆုံအရောက် လမ်းဘေးတွင် ဆိုင်ကယ် ရပ်၍ ဘီယာ ထိုင်သောက်နေစဉ် အမည်မသိလူငယ်(၄)ဦးမှ ဆိုင်ကယ်(၃)စီးဖြင့် ရောက်ရှိလာပြီး (၂)ဦးမှာ အရှည်တစ်ထွာခန့်ရှိ သစ်သားတုတ်များ ကိုင်လျက် (၁)ဦးမှာ ဒါးဟုယူဆရသော အရာ(၁)ခု ကိုင်ဆောင်၍ ၄င်းတို့အနီး ရောက်လာပြီး ““မင်းတို့ ဘယ်ကကောင်တွေလဲ မိုက်လား””ဟု ပြောကာ တုတ်များနှင့်ဝိုင်း ရိုက်သဖြင့် ကျော်ဇင်ထက်နှင့် ၀င်းနိုင်ဦးတို့တွင် ဒဏ်ရာများရရှိခဲ့ပြီး ၄င်းတို့ထံမှ (၂)ပဲသား ခန့်ရှိ ရွှေလက် စွပ်(၁)ကွင်း (တန်ဘိုး ၁၀၀၀၀၀ိ/-)ခန့်နှင့် ၀၉၄၀၀၄၆၃၂၈၇ နံပါတ်ပါ ဆမ်ဆောင်းဟန်းဆက် (၁)လုံး (တန်ဘိုး ၂၀၀၀၀၀ိ/-)၊ ၀၉၄၀၁၆၆၈၅၈၉ နံပါတ်ပါ ဟာဝေ့ ဟန်းဆက်(၁)လုံး (တန်ဘိုး ၉၈၀၀၀ိ/-)ခန့်၊ စုစုပေါင်းတန်ဘိုး ၃၉၈၀၀၀ိ/-ခန့်အား ယူဆောင် ထွက်ပြေးသွားသဖြင့် အမည်မသိ လူငယ်(၄)ဦးအား စုံစမ်းအရေးယူပေးရန် ၂၂.၅.၂၀၁၅ ရက်နေ့ ၀၈း၀၅ နာရီအချိန် ကျော်ဇင်ထက်မှ တရားလိုပြုလုပ် တိုင် တန်းခဲ့ပါသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ တရားခံများအား လိုက်လံစုံ စမ်းခဲ့ရာ ၀၉း၃၀ နာရီ အချိန်တွင် အမှုမှတရားခံများ ဖြစ်ကြသော ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်နေ သူ ကျော်ဇင်မိုး (၁၈)နှစ်နှင့်အတူ အမှတ်(၁၅) ရပ်ကွက်နေသူများ ဖြစ်ကြသော မြတ်ကျော် (၁၈)နှစ်၊ စန်းဌေးအောင် (၁၉)နှစ်၊ လွှမ်းမောင် (၂၆)နှစ် တို့(၄)ဦးအား အမှုဖြင့်ဖမ်းဆီးရမိပြီး ၄င်းတို့(၄)ဦးအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၂၀၅/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၂/၁၁၄ အရ အရေးယူ ဆောင် ရွက်ထားကြောင်း သတင်းရရှိပါသည်။
Saturday, May 23, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment