Saturday, May 23, 2015

၂၀၁၅ ခုနှစ်၊ မေလ ၂၁ ရက်နေ့ ည ၁၁း၅၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကြို့ပင်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက် နေစဉ် ကြို့ပင်ရွာလယ် လမ်းမပေါ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောမကျေးရွာနေသူ သိန်းဝင်း (၆၀)နှစ် သည် အရက်သေစာ သောက်စားပြီး မူးယစ်ရမ်းကား နေသည်ကို တွေ့ရှိရသဖြင့် ကျေးရွာအတွင်း အများပြည်သူ စိတ်ငြိုညင်အောင်ဆူပူ ရမ်းကားသူ သိန်းဝင်းအား ကံမမြို့နယ်၊ ကြို့ပင်နယ်မြေ ရဲစခန်း (ပ)၈/၂၀၁၅၊ ရဲအက်ဥပဒေပုဒ်မ ၄၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း၊ 
အလားတူ ၂၀၁၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့ နံနက် ၁၁း၃၀ နာရီအချိန်ခန့်တွင် သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ အလယ်ချောင်း နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ နယ်မြေအတွင်း လှည့်ကင်းဆောင် ရွက်နေစဉ် အလယ်ချောင်းကျေးရွာ၊ ရွာလယ် လမ်းမပေါ်တွင် အလယ်ချောင်း ကျေးရွာနေ သူ မြင့်ဦး(ခ) ကုလား (၄၀)နှစ်သည် အရက်သေစာ သောက်စားပြီး မူးယစ် ရမ်းကား နေသည်ကို တွေ့ရှိရသဖြင့် ကျေးရွာအတွင်း အများပြည်သူ စိတ်ငြိုညင်အောင်ဆူပူရမ်းကား သူ  မြင့်ဦး(ခ)ကုလားအား မင်းတုန်းမြို့နယ်၊အလယ်ချောင်းနယ်မြေရဲစခန်း (ပ)၃/၂၀၁၅၊ ရဲအက်ဥပဒေပုဒ်မ ၄၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း၊ 
အလားတူ ၂၀၁၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့ ည ၀၈း၀၅ နာရီအချိန်ခန့်တွင် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက် နေစဉ် ဂန့်ဂေါမြို့၊ ကျောက်တိုင်ရပ်ကွက် လမ်းမပေါ်တွင် ကျောက်တိုင်ရပ်ကွက်နေသူ သက်ဝေအောင် (၂၇)နှစ် သည် အရက်သောက်စားပြီး မူးယစ်ရမ်းကားနေသည်ကို တွေ့ရှိရသဖြင့် ရပ်ကွက်အတွင်း အများပြည်သူ စိတ်ငြိုညင်အောင် ဆူပူရမ်းကားသူ သက်ဝေအောင်အား အရေးယူ ပေးရန် ဂန့်ဂေါမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၉/ ၂၀၁၅၊ ရဲအက်ဥပဒေ ၄၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video