Sunday, May 24, 2015

၂၀၁၅ ခုနှစ်၊ မေလ ၂၄ ရက်နေ့ နံနက် (၀၀း၃၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊သရက် မြို့နယ်၊သရက်-မင်းတုန်းကားလမ်းမိုင်တိုင်အမှတ်(၇/၁)တွင် သုံးဘီးယာဉ်တစ်စီး တိမ်းမှောက် ကြောင်း သတင်းအရ ရေမျက်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

 ဖြစ်စဉ်အား စစ်ဆေးရာ သရက်မြို့မှ ပိတောက်ပင်ကျေးရွာသို့ သရက်မြို့၊ တောင်မင်းတည်း ရပ်ကွက်နေ ၊ စောဝင်းထွန်း (၃၆)နှစ်မောင်းနှင်သော သုံးဘီးယာဉ်တွင် ခရီးသည် နိုင်ထက်အောင်နှင့် ဇင်မောင်ဌေးတို့ လိုက်ပါ၍မောင်းနှင်လာစဉ် စောဝင်းထွန်းမှ နိုင်ထက်အောင်ထံမှ ဆေးလိပ်လှမ်းယူစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်သို့ထိုးကျကာ သစ်ပင်နှင့်တိုက်မိပြီး ယာဉ်ပေါ်ပါ ခရီးသည်နှစ်ဦးမှာ အောက်သို့ပြုတ်ကျပြီး ဒဏ်ရာမရရှိသော်လည်း ယာဉ်မောင်း စောဝင်းထွန်းတွင် ရင်ဘတ်ညိုမဲ ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ တွင် သေဆုံးသွားသဖြင့် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ စောဝင်းထွန်း အား သရက်မြို့နယ်၊ သရက် မြို့မရဲစခန်း ယာဉ်(ပ)၁၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video