Sunday, May 24, 2015

၂၀၁၅ ခုနှစ်၊ မေလ ၂၃ ရက်နေ့ ညနေ (၆) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူ မြို့နယ်၊ ချထောင့်ကျေးရွာအနီး မိုင်တိုင်အမှတ် (၁၃/၂ နှင့် ၁၃/၃)အကြားတွင် လူတစ်ဦး ဆိုင်ကယ် တိမ်းမှောက် သေဆုံးနေကြောင်း သတင်းအရ ဆိပ်ဖြူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူသွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်အား စစ်ဆေးရာ ဆိပ်ဖြူမြို့နယ်၊ ချထောင့်ကျေးရွာမှ ပခုက္ကူမြို့နယ်၊ ချိုက်ကျေးရွာသို့ပြန်သော ချိုက်ကျေးရွာနေ မင်းမင်းဦး (၃၅)နှစ် မောင်းနှင်သည့် နံပါတ်မပါ ANBO-125 အနက်ရောင် ဆိုင်ကယ် သည် အရှိန်မထိန်းနိုင်ဘဲလမ်း၏ ယာဘက်သို့ထိုးကျတိမ်းမှောက်၍ မင်းမင်းဦးတွင် နောက်စေ့ (၂) လက္မခန့်ပေါက်ပြဲဒဏ်ရာ၊ ယာနားသွေးထွက်ဒဏ်ရာ၊ ပါးစပ်သွေးထွက်ဒဏ်ရာ၊ဝဲ/ယာပါးပွန်းပဲ့ဒဏ်ရာ၊ ယာခြေဖမိုး(၂)လက္မခန့်ပေါက်ပြဲဒဏ်ရာများရရှိကာသေဆုံးသွားသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ မင်းမင်းဦးအား ဆိပ်ဖြူမြို့နယ်၊ မြို့မရဲစခန်းယာဉ်(ပ)၁၃/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video