၂၀၁၅ ခုနှစ်၊ မေလ ၂၃ ရက်နေ့ နေ့လည် (၁) နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်းမှ ဒုရဲအုပ် တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း သတင်းစုံစမ်းစဉ် တောင်တွင်းကြီးမြို့နယ်၊ ချောင်းနက်အုပ်စု၊ ချောင်းနက်အနောက်စုရွာတွင် တရားမဝင် ကြက်ဝိုင်း လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွား ရောက် စုံစမ်း ခဲ့ကြောင်း သတင်းရရှိပါသည်။
ချောင်းနက်အနောက်စုရွာ၏ အရှေ့တောင်ပိုင်း ဦးကျားကြီးအိမ်ရှေ့လမ်းမပေါ်တွင် ကြက်တိုက် လောင်း ကစားပြုလုပ် နေသည်ကိုတွေ့ရှိသဖြင့် ဝင်ရောက်ဖမ်းဆီးရာ ၎င်းရွာနေ မြင့်လှိုင်(၄၃)နှစ်အား တိုက် ကြက်ဖနှစ်ကောင်၊ လောင်းကြေးငွေ(၁ဝ,ဝဝဝိ/-)နှင့်အတူ ဖမ်းဆီးရမိပြီး အခြားကြက်ဝိုင်း လောင်း ကစားပြုလုပ်သူများမှာ ထွက်ပြေးသွားသဖြင့် တရားမဝင်ကြက်ဝိုင်း လောင်း ကစား ပြုလုပ်သူ မြင့်လှိုင် အား တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်း (ပ)၈၂/၂ဝ၁၅၊ လောင်းကစား ဥပဒေ ပုဒ်မ ၁၂(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment