Sunday, May 3, 2015

၂၀၁၅ ခုနှစ်၊ မေလ ၂ ရက်နေ့ နေ့လယ် (၁း၄၅) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ အောင်လံမြို့၊ စက်ရုံရပ်ကွက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ထွန်း(၅၁)နှစ် သည် နေအိမ်၌ရှိနေစဉ် စက်ရုံရပ်ကွက်နေသူ ဒေါ်ဝင်းရွှေ ရောက်ရှိလာပြီး ၄င်း၏သားဖြစ်သူ ကိုလတ်(၃၃)နှစ်သည် အရက်မူး ပြီး နေအိမ်အား မီးရှို့ရန်အတွက် ဓါတ်ဆီများ ပက်ဖြန်းနေကြောင်း လာရောက် အကြောင်းကြားသဖြင့် သွားရောက်ကြည့်ရှုရာ နေအိမ်အနှံ့ ဓါတ်ဆီများ ပက်ဖြန်းထားသည်ကို တွေ့ရှိရသဖြင့် ကိုလတ်အား အရေးယူပေးရန် ၂.၅.၂၀၁၅ ရက်နေ့တွင် ဦးမြင့်နိုင်ထွန်းမှ တရားလိုပြုလုပ် တိုင်တန်း သဖြင့် အောင်လံ မြို့နယ်၊ မြို့မရဲစခန်း (ပ)၇၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆/၅၁၁ အရ အမှုဖွင့် အရေးယူ ဆောင် ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video