၂၀၁၅ ခုနှစ်၊ မေလ ၂ ရက်နေ့ ည (၇) နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှ မြို့နယ်၊ ရေနံမနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ကန်တုတ်-စစ္စနို့ ကားလမ်း မိုင်တိုင် အမှတ် ၂၂/၄ အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ ကန်တုတ်ရွာဘက်မှ စစ္စနို့ရွာဘက်သို့ မင်းလှမြို့နယ်၊ ရေဘော်ကျေးရွာနေသူ ရဲမင်းလွင် (၂၁)နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရွာတည်းနေ မျိုးမြင့်အောင်(၃၀)နှစ် လိုက်ပါလာသည့် ၃၅ဃ/xxxxx DARYANG-125 အနက်ရောင်ဆိုင်ကယ် နှင့် စစ္စနို့ရွာဘက်မှ ကန်တုတ်ရွာဘက်သို့ မုံရွာမြို့၊ စက်မှုဇုံ ရပ်ကွက်နေသူ ယာဉ်မောင်း ထွန်းထွန်းမိုး(၃၆)နှစ် မောင်းနှင် လာသော ၁ဂ/xxxx၊ MARK II အဖြူရောင် ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိသဖြင့် ရဲမင်းလွင် နှင့် မျိုးမြင့်အောင် တို့တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ရဲမင်းလွင် နှင့် ထွန်းထွန်းမိုး တို့အား မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်း ယာဉ်(ပ) ၁၂/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အရေးယူဆောင်ရွက်ထားကြောင်း သတင်း ရရှိပါသည်။


0 comments:
Post a Comment