၂၀၁၅ ခုနှစ်၊ မေလ ၂ ရက်နေ့ နံနက် (၁၀း၁၅) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ စိုင်ကောင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နတ်မောက်-ပျော်ဘွယ် ကားလမ်း မိုင်တိုင်အမှတ်(၃၁/၆)နှင့် ၃၁/၇)အကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ နတ်မောက်ဘက်မှ ပျော်ဘွယ်ဘက်သို့ နတ်မောက်မြို့နယ်၊ ကျောက်ချော ကျေးရွာ နေသူ ယာဉ်မောင်း ကျော်ဆန်းဦး(၂၁)နှစ် မောင်းနှင်သော 7A/xxxx တိုယိုတာဟိုင်းလတ် အဖြူ ရောင်ယာဉ်သည် ယာဘက်နောက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ တိမ်းမှောက်သွားရာ ယာဉ်ပေါ် လိုက်ပါ လာသော နတ်မောက်မြို့နယ်၊ ကွင်းကြီးကျေးရွာနေသူ ဒေါ်သန်းအေး (၆၅)နှစ် အပါအ၀င် ကျား(၂)ဦး၊ မ(၁)ဦး၊ ပေါင်း(၃)ဦးတို့တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ကျော်ဆန်းဦး အား နတ်မောက်မြို့နယ်၊ စိုင်ကောင်း နယ်မြေရဲစခန်း ယာဉ်(ပ) ၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။


0 comments:
Post a Comment