Sunday, May 3, 2015

၂၀၁၅ ခုနှစ်၊ မေလ ၂ ရက်နေ့ နေ့လယ် (၁) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြို့သစ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မြို့သစ်မြို့၊ ကွက်သစ်ရပ်ကွက်၊ မြို့သစ်-တောင် တွင်းကြီး ကားလမ်းပေါ်တွင် ယာဉ်တိုက် မှုဖြစ်ပွားကြောင်းသတင်းအရ သွားရောက်စစ်ဆေး ခဲ့ကြောင်း၊
စစ်ဆေးချက်အရ မြို့သစ်မြို့၊ ကွက်သစ်ရပ်ကွက်နေသူ သိန်းထိုက်ဦး (၁၇)နှစ် မောင်းနှင်ပြီး နောက်မှ တစ်ရပ်ကွက်တည်းနေ ဇော်မင်းဦး(၁၈)နှစ် လိုက်ပါစီးနင်းလာသော WAVE-125 နီနက်ကြား ဆိုင်ကယ် သည် မြို့သစ်-တောင်တွင်းကြီး ကားလမ်းအတိုင်း မြို့တွင်းဘက်မှ မြို့ပြင်ဘက်သို့ မောင်းနှင်လာစဉ် ယာဘက်လမ်းသွယ်သို့ အချက်ပြမီးမပြဘဲ ချိုးကွေ့စဉ် ၄င်းဆိုင်ကယ်၏ နောက်မှ မြို့သစ်မြို့၊ လယ်ပြင် ရပ်ကွက်နေသူ မစိုးစိုးမော် (၂၃)နှစ် မောင်းနှင်လာ သည့် NEW ZENIC-125 နီနက်ကြား ဆိုင်ကယ်မှ သိန်းထိုက်ဦး၏ ဆိုင်ကယ်အား ၀ဲဘက်မှ ကျော်တက်ခြင်းမပြုဘဲ ယာဘက်မှ ကျော်တက် မောင်းနှင်သဖြင့် ဆိုင်ကယ်နှစ်စီး တိုက်မိ၍ မစိုးစိုးမော်တွင် ၀ဲဘက်ဂျိုစောင်း ဖူးရောင် ညိုမဲဒဏ်ရာရှိပြီး မြို့သစ်ဆေးရုံသို့ ပို့အပ်ကုသစဉ် သေဆုံးသွားသဖြင့် ဆိုင်ကယ်မဆင်မခြင် မောင်း နှင်သူ သိန်းထိုက်ဦးနှင့် မစိုးစိုးမော်တို့ အား မြို့သစ်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၁၇/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video