၂၀၁၅ ခုနှစ်၊ မေလ ၂ ရက်နေ့ နေ့လယ် (၁၂း၄၅) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ အောင်လံမြို့နယ်၊ စကားတောင်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေ များနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ်(၅/၂၀၁၅) ဖြင့် အောင်လံမြို့နယ်၊ စီကျေးရွာနေသူ သန်းစိုး(၄၆)နှစ်၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ သန်းစိုးအား နေအိမ်အောက်ထပ် ကွပ်ပျစ်ပေါ်တွင်တွေ့ရှိရပြီး ၄င်း၏အင်္ကျီအိတ်ကပ်အတွင်းမှ ချဲထီဘောက်ချာ ဖြတ်ပိုင်း စာရွက်(၁)ရွက်၊ ငွေ (၄၀၀ိ/-)၊ ကွပ်ပျစ်ဘေး မြေပြင်ပေါ်မှ ချဲထီလောင်းကစားရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ၊ နေအိမ် အပေါ်ထပ် ကြမ်းပြင်ပေါ်မှ ချဲထီလောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့် ငွေစက္ကူရော ရာ(၁၅၄၀၀ိ/-) ၊ စုစုပေါင်း လောင်းကြေးငွေ ၁၅၈၀၀ိ/-တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သန်းစိုး အား အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ် နယ်မြေရဲစခန်း (ပ)၁၃/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။
Sunday, May 3, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment