၂၀၁၅ ခုနှစ်၊ မေလ ၂၀ ရက်နေ့ မွန်လွှဲ(၂)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင်၊ ရေနံချောင်းမြို့နယ်၊ ညောင်လှနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မကွေး-ရေနံချောင်း ကားလမ်း မိုင်တိုင်အမှတ် ၃၅၄/၄ အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေး ရာ ရေနံချောင်းမြို့ဘက်မှ မကွေးမြို့ဘက်သို့ ရေနံချောင်းမြို့၊ ရွှေကြာငုံရပ်ကွက် တောင်ပိုင်းနေသူ မင်းခန့်ကျော်(၁၆)နှစ် မောင်းနှင်ပြီး နောက်တွင် ရေနံချောင်းမြို့၊ ရွာသစ်ဘောကွင်း ရပ်ကွက်နေသူ ဟန်လင်းထက် (၁၈)နှစ် လိုက်ပါစီးနင်းလာသော ၄၀ယ/xxxxx ဟွန်ဒါ၁၁၀ အပြာရောင် ဆိုင်ကယ် သည် ၄င်းလမ်းအတိုင်း ရှေ့မှ မောင်းနှင်နေသော ဆိုင်ကယ်အား အရှိန်ဖြင့် ကျော်တက်ကာ လက်ပြ နှုတ်ဆက် ၍ နောက်သို့ လှည့်ပြီးစကားပြောစဉ် မျက်နှာချင်းဆိုင် တစ်ဘက်ယာဉ်ကြောမှ မန္တလေး တိုင်း ဒေသ ကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နေသူ ယာဉ်မောင်း ဦးဝင်းအောင် (၄၃)နှစ် မောင်းနှင်လာ သော MDY 8G/4835 လိုက်ထရပ် အဖြူရောင်ယာဉ်၏ ရှေ့ဝဲဘက်ခြမ်းအား တိုက်မိပြီး မင်းခန့်ကျော် တွင် အပြင်းအထန် ဒဏ်ရာများရရှိပြီး ဟန်လင်းထက်မှာ ဒဏ်ရာများရရှိ သေဆုံးသွားခဲ့သဖြင့် ဆိုင်ကယ်မဆင် မခြင် မောင်းနှင်သူ မင်းခန့်ကျော်အား ရေနံချောင်းမြို့နယ်၊ ညောင်လှ နယ်မြေရဲစခန်း ယာဉ်(ပ) ၇/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က/၃၃၈ အရ အမှု ရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။
Thursday, May 21, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment