၂၀၁၅ ခုနှစ်၊ မေလ ၂၀ ရက်နေ့ နံနက် (၀၂း၃၅)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ အောင်လံမြို့၊ အောင်လံမြို့မရဲစခန်းမှ အောင်လံမြို့၊ ရွာထောင် ရပ်ကွက်၌ မီးလောင်မှု ဖြစ် ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ရွာထောင် ရပ်ကွက်နေသူ ထွန်းထွန်း(၃၀)နှစ် ၏ နေအိမ်နောက်ဖေး နွားစာသိုလှောင်ရုံအတွင်း သိုလှောင်ထားသော ၀ါစေ့ကွဲအိတ်မှ အပူလွန်ကဲ၍ နံနက် ၀၂း၂၅ နာရီအချိန် မီးစတင်လောင်ခဲ့ရာ မီးလောင်ရာသို့ အောင်လံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၁၀)ဦး၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် (၅)ဦး၊ အရန်မီးသတ် (၁၅)ဦး၊ ပြည်သူ (၂၀)ဦးခန့် တို့မှ မီးသတ်ယာဉ် (၁)စီးဖြင့် ၀ိုင်းဝန်းမီးငြိမ်း သတ်ခဲ့ရာ နံနက် ၀၃း၀၀ နာရီအချိန် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ၀ါစေ့ပိဿာ(၂၀)ခန့် (တန်ဖိုး ၈၀၀၀ိ/-ခန့်) မီးလောင်ဆုံးရှုံး ခဲ့ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ထွန်းထွန်း အား အောင်လံ မြို့နယ်၊ မြို့မရဲစခန်း (ပ)၈၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Thursday, May 21, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment