၂၀၁၅ ခုနှစ်၊ မေလ ၂၀ ရက်နေ့ နံနက်(၁၁)နာရီအချိန် ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ဘော်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အုန်းနှဲတဲကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေမှ အမျိုးသမီးတစ်ဦးကြိုဆွဲချ သေဆုံးနေကြောင်း သတင်းပေး၍ သက်သေများနှင့် အတူ သွားရောက် စစ်ဆေးရာ အုန်းနှဲတဲကြီးကျေးရွာနေ စိတ်ကျန်းမာရေး မကောင်းသူ ဒေါ်ပုရွှေ (၅၈)နှစ်မှာ ရွာအရှေ့ဘက် (၃)ဖာလုံခန့်အကွာရှိ သခွပ်ပင်၏ အမြင့်(၆)ပေခန့်ရှိ တောင်ဘက် သစ်ကိုင်းတွင် အရှည် (၃)ပေ၊ လုံးပတ်(၁)မတ်လုံး၊ နိုင်လွန်ကြိုးအ၀ါရောင်ဖြင့် ကြိုးဆွဲချသေဆုံး နေသည်ကို တွေ့ရှိရသဖြင့် ၄င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်း စစ်ဆေးနိုင်ရန် သရက်မြို့ နယ်၊ ဘော်နယ်မြေရဲစခန်း သေမှုသေခင်း အမှတ် (၁/၂၀၁၅) ဖြင့် အမှုရေးဖွင့် ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။
Thursday, May 21, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment