အထက်မင်းလှ မေ ၉
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အထက်မင်းလှမြို့နယ် စာရေဒစာရာအသင်းမှ ထုတ်ဝေသော အထက်မင်းလှ မဂ္ဂဇင်း (၂၀၁၅)၌ ပါဝင်ရေးသားသည့် ကလောင်ရှင် (၅၆)ဦးအား စာအုပ်မေတ္တာလက်ဆောင် နှင့် ညဏ်ပူဇော်ခများ ထုတ်ပေးခြင်းကို ယမန်နေ့နံနက် (၀၉း၀၀)နာ၇ီက မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည် သူ့ဆက်ဆံရေး ဦးစီးဌာန ခန်းမ၌ကျင်းပသည်။
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အထက်မင်းလှမြို့နယ် စာရေဒစာရာအသင်း၏နာယက ဦးချစ်လွင် အမျိုးသားစာပေ (၂)ဆုရ ကဗျာဆရာ တောသားကြီးလူနိုင်နှင့် စာရေးစာရာအသင်းဥက္ကဌ ဒေါ်ခင်မြမူတို့က တက် ရောက်လာသော ကလောင်ရှင်များကိုယ်စား လက်ခံယူသူ စာရေးဆရာမ မြတ်နိုးခင်(ပညာရေး) အား စာ အုပ်နှင့် ညဏ်ပူဇော်ခများ ပေးအပ်ချီးမြှင့်ပါသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ် စာရေးဆရာအသင်း နာယက တောသားကြီးလူနိုင်၊ စာရေးဆရာအ သင်းဥက္ကဌ ဒေါ်ခင်မြမူ၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည် သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ဝါ၀ါလွင်နှင့် အမှုဆောင်များ ကလောင်ရှင်များ တက်ရောက်ခဲ့ကြပြီး ကလောင်ရှင် (၅၆)ဦးအား ညဏ်ပူဇော်ခ စုစုပေါင်း (၃၃၅၀၀၀)ပေးအပ်ခဲ့ကြောင်းသိရသည်။
Thursday, May 21, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment