မကွေး မေ ၂၀
ပူပြင်းချောက်သွေ့လျက်ရှိသော နွေရာသီတွင် မြန်မာနိုင်ငံအလယ်ပိုင်းတည်ရှိသည့် မကွေးမြို့တွင် အပူရှိန်များမြင့်တက်နေသည့်အတွက် ဒေသခံများက မိုးခေါ်ပွဲဖြစ်သည့် လွန်ဆွဲပွဲကို မကွေးမြို့ သိင်္ဂါရပ်ကွက်နှင့် မြို့ဟောင်းရပ်ကွက်များတွင် ၁၇.၅.၂၀၁၅ရက်နေ့မှ ၁၉.၅.၂၀၁၅ရက်နေ့ထိ (၃)ရက်တိုင်တိုင် ကျင်းပပြု လုပ်ခဲ့ပါသည်။
ယင်းလွန်ဆွဲပွဲကို လွန်ဆွဲပွဲကျင်းပရေးကော်မတီဥက္ကဌ ဦးစန်းဝင်းက ဦးဆောင်ပြီး သိင်္ဂါရပ်ကွက်နှင့် မြို့ဟောင်းရပ်ကွက်များအတွင်းမှ လူငယ်များ၊ ဈေးသူ/သားများ ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ လွန်ဆွဲပွဲကို သက်ဆိုင်ရာ နတ်မင်းများအား ပူဇော်ပသပြီး မိန်းကလေးနှင့် ယောက်ကျားလေး တစ်ဖက်စီ ဆွဲရခြင်းဖြစ်ပါသည်။ မိန်းကလေးဘက်ကို လေဟု သတ်မှတ်ပြီး ယောက်ကျားလေးဘက်ကို ရေဟုသတ်မှတ်ကာ လွန်ဆွဲကြရာ အစဉ်အလာအရ (၃)ရက်မှ (၅)ရက်ထိ ကျင်းပပြုလုပ်လေ့ရှိကြောင်းသိရသည်။ ယင်းလွန်ဆွဲပွဲကျင်းပပြီးသည့် ၁၉ရက်နေ့တွင်ပင် မိုးများရွာသွန်းခဲ့၍ ဒေသခံပြည်သူများဝမ်းသာပျော်ရွှင်လျက်ရှိကြောင်းသိရသည်။
ညီညီမောင်
Thursday, May 21, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment