Wednesday, May 20, 2015

၂၀၁၅ ခုနှစ်၊ မေလ ၁၉ ရက်နေ့ နေ့လည် (၁၂) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင် ၊ ချောက်မြို့၊ အမှတ်(၈)ရပ်ကွက်နေ သောင်းနိုင်ဦး(၃၄)နှစ်၏ SKY ဗီဒီယိုခွေအငှားဆိုင်တွင် ဆင်ဆာမဲ့ခွေ များ ငှားရမ်း ရောင်းချနေကြောင်း သတင်းအရ ချောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် ချောက်မြို့နယ် ဗီဒီယိုအခြေခံအဖွဲ့ဥက္ကဌ ဦးကြည်လွင်ပါ သက်သေများနှင့်အတူ SKY ခွေအငှားဆိုင် အား ဝင်ရောက်ရှာဖွေ ခဲ့ကြောင်း သတင်းရရှိပါသည်။

 ချောက်မြို့၊ အမှတ်(၈)ရပ်ကွက်နေ သောင်းနိုင်ဦး(၃၄)နှစ်၏ SKY ဗီဒီယိုခွေအငှားဆိုင်တွင် ဆင်ဆာမဲ့ DVD မြန်မာဇာတ်လမ်းခွေ(၆၄)ခွေ၊ တန်ဘိုး ၁၃၈ဝဝိ/-အား သိမ်းဆည်းရမိသဖြင့် ဆင်ဆာမဲ့ခွေများ လက်ဝယ်ထားရှိသူ သောင်းနိုင်ဦးအား ချောက်မြို့နယ်၊ မြို့မရဲစခန်း(ပ)၈၇/၂ဝ၁၅၊ ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေပုဒ်မ ၃၂(ခ)အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video