မကွေး ၁၉
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် နိုင်ငံငအသီးသီးမှ ခရီးသွားလည်ပတ်လေ့လာသူများ ခရီးစဉ် အမျိုးမျိုးဖြင့်လာရောက်လျှက်ရှိရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပြည်သူများက ကူညီဆောင်ရွက်ပေးလျှက်ရှိသည်။
ယခုဖြစ်စဉ်မှာ (၁၇.၅.၂၀၁၅)ရက်နေ့ နံနက်(၁၂း၀၀)နာရီအချိန်တွင် တာဝန်သိပြည်သူ(၁)ဦးက
( CASIO) အမျိုးအစား အနက်ရောက်ကင်မရာ(၁)လုံး ကောက်ယူရရှိခဲ့သဖြင့် မကွေးမြို့ မြို့မရဲစခန်းသို့ လာရောက်အပ်နှံပေးခဲ့သည်။ထိုကင်မရာအား စခန်းမှူးမှ ကင်မရာအတွင်းရှိ ဓါတ်ပုံများအား ဖွင့်လှစ်စစ်ဆေးရာ ပုံဂံ-ညောင်ဦးတစ်လျှောက် ရိုက်ကူးမှတ်တမ်းတင်ထားရှိသော ပုံများနှင့် နိုင်ငံခြားသား(၁)ဦး၏ ဓါတ်ပုံများပါဝင် နေသည်ကိုတွေ့ရသဖြင့် နယ်ထိန်ခေါင်းဆောင် ဒု-ရဲအုပ်ဇော်ဌေးလွင်အား တာဝန်ပေးအပ်ပြီး နိုင်ငံခြားသားများ တည်းခိုနိုင်သောဟိုတယ် ၊ တည်းခိုခန်းများအား စုံစမ်းစေခဲ့ရာ မကွေးမြို့၊ နတ်မောက်လမ်းရှိ ( Rolex ) တည်းခိုခန်း အမှတ် (၀၅)တွင် ရောက်ရှိတည်းခိုနေသော ပြင်သစ်နိုင်ငံသား( MR BAE SANTONIE JULINE ) ဖြစ်ကြောင်းသိရသဖြင့် မေလ(၁၇)ရက်နေ့ (၄း၀၀)နာရီအချိန်တွင် ပျောက်ဆုံးနေသော ကင်မရာအားအဆိုပါ တည်းခိုခန်းတွင် ကောင်းမွန်စွာပေးအပ်ခဲ့ကြောင်း သိရသည်။
Thursday, May 21, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment