Friday, April 10, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ ညနေ(၃)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ရဲတပ်ဖွဲ့ မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် မင်းဘူးမြို့နယ်၊ ကန်သာကျေးရွာနေ သန်းစိုး(၄၈)နှစ်၏ နေအိမ်တွင် တရား မဝင် နှစ်လုံးထီ လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ မင်းဘူးမြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ်(၇/၂ဝ၁၅)ဖြင့် သက်သေများနှင့်အတူ ဝင်ရောက် ရှာဖွေခဲ့ကြောင်း သတင်းရရှိပါသည်။ 

မင်းဘူးမြို့နယ်၊ ကန်သာကျေးရွာနေ သန်းစိုး(၄၈)နှစ်ထံမှ တရားမဝင် နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့် လောင်းကြေးငွေ ငွေစက္ကူရောရာ (၁၂၃၅ဝိ/-) အား သိမ်းဆည်း ရမိ သဖြင့် တရားမဝင်နှစ်လုံးထီ လောင်းကစားပြုလုပ်သူ သန်းစိုးအား မင်းဘူးမြို့နယ်၊ စကု နယ်မြေရဲစခန်း (ပ)၄၉/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video