Friday, April 10, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ နံနက် (၃း၄၅) အချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ချင်းသစ်ဧရာဝတီဖောင်ဖွဲ့ရေးဒေသ၊ ပခုက္ကူ ဖောင်ဖွဲ့ရေး နယ်ရုံးခွဲ၊ သစ်ဖောင်ဖွဲ့ရေးကွင်းတွင် ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်နေ ထွန်းဝင်း (၅ဝ)နှစ် မောင်းနှင် သည့် ရပ်ထားသော FURUKAWA FI 300 အမျိုးအစားအဝါရောင် မော်တော် ယာဉ်မှာ ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ရာ ကား၏ဝါယာကြိုးများနှင့်ကားတာယာ(၃)လုံး စုစုပေါင်း တန်ဘိုး (၉ဝဝဝဝဝိ/-) ခန့် မီးလောင်ဆုံးရှုံးခဲ့သဖြင့် ထွန်းဝင်းအား ဆိပ်ဖြူမြို့နယ်၊ မြို့မရဲစခန်း(ပ) ၂ဝ/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။ 

အလားတူ ၎င်းနေ့ နေ့လည် (၂း၄၅) အချိန် မကွေးမြို့နယ်၊ ထုံးပေါက်တောမြောက်ရွာနေ သက်နောင်စိုး (၃၂)နှစ်၏နေအိမ်အပေါ် မီးဖိုခန်းထောင့်ရှိဝါးကြမ်းခင်းပေါ်တွင် သောက်လက်စ ဆေးလိပ်တိုထားရှိရာမှ မီးဖိုတွင်ကာရံထားသော ယိုင်ပတ်ထရံမှတစ်ဆင့် (၁၂)ပေပတ်လည် မြေစိုက် တဲ၏ ခေါင်မိုး ဝါးသက္ကယ် အား မီးစွဲလောင်ကျွမ်းခဲ့ရာ ရွာသူ/သားများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် ၁၄၅၅ အချိန် မီးငြိမ်းခဲ့ပြီး မီးလောင်မှုကြောင့် လ/ူတိရိစ္ဆာန်ထိခိုက်မှုမရှိဘဲ တန်ဖိုး(၅ဝဝဝိ/-)ခန့် မီးလောင်ဆုံးရှုံခဲ့သဖြင့် သက်နောင်စိုး အား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၂၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video