Friday, April 10, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ နံနက် (၂း၁၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမ မြို့နယ်၊ နတ်မီးကျေးရွာအုပ်ချုပ်ရေးမှူးမှ ကြပ်ကြီးကျေးရွာ၊ ကံမ-ရေနံ့သာ-သရက် ကားလမ်းမ မိုင်တိုင် အမှတ် ၁၆/ဝနှင့် ၁၆/၁ အကြားတွင် လူတစ်ဦးသေဆုံးနေကြောင်း သတင်းပေးပို့ သဖြင့် ရေနံ့သာ ရဲကင်းစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်အား စစ်ဆေးရာ ရေနံ့သာဘက်မှ ကြပ်ကြီးရွာဘက်သို့ ကံမမြို့နယ်၊ ကြပ်ကြီးကျေးရွာနေ သန်းမင်းထွန်း (၂ဝ)နှစ်မောင်းနှင်သော ၃၂ယ/xxxx ၊ SuperOn-110 အနက်ရောင်ဆိုင်ကယ် ၏ နောက် တွင် တစ်ရွာတည်းနေသူများဖြစ်သည့် ဝင်းအောင်(၁၉)နှစ်နှင့် ဆန်းမင်းလှိုင်(၁၇)နှစ်တို့ လိုက်ပါလာသည့် ဆိုင်ကယ်မှ တစ်ရွာတည်းနေ ကျော်သူ(၂၉)နှစ်အား ဝင်ရောက်တိုက်မိပြီး ဆိုင်ကယ် တိမ်းမှောက် ကာ ကျော်သူမှာ ဝဲဘက်မျက်နှာတစ်ခြမ်း သွေးထွက်စုတ်ပြဲဒဏ်ရာ၊ လည်ပင်းညိုမဲ ဒဏ်ရာ(၁)ချက်၊ ယာလက်မောင်းညိုမဲဒဏ်ရာ(၁)ချက်ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး သန်းမင်းထွန်း၊ ဝင်းအောင်နှင့် ဆန်းမင်းလှိုင်တို့တွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်း သိရှိရသည်။ 

ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ သန်းမင်းထွန်း(၂၀)နှစ်အား ကံမမြို့နယ်၊ မြို့မရဲစခန်း ယာဉ် (ပ)၈/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၇ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video