Thursday, April 9, 2015
4:24 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
တိုင်းဒေသကြီး ၀န်ကြီးချုပ်သရက်ခရိုင်နှင့်မကွေးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
မကွေး ဧပြီ ၉
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေသည် ဧပြီ ၈ ရက်နံနက်၈ နာရီက စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဦးအောင်နိုင်၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ မကွေးခရိုင်နှင့်သရက်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆင်ပေါင်ဝဲမြို့နယ် ကုန်းဘိုကျေးရွာအနီးရှိ စွမ်းအင်ဝန်ကြီးဌာနနှင့်ထိုင်းနိုင်ငံမှ PTTEP ကုမဏီတို့ပူးပေါင်း၍ ရေနံအစမ်းတွင်းတူးဖေါ်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးတာဝန်ရှိသူများ၏တင်ပြချက်များအပေါ်လိုအပ်သည်များမှာကြားခဲ့သည်။
၎င်း ရေနံ အစမ်းတွင်း တူးဖေါ်ပြီးစီးပါက ရေနံနှင့်သဘာဝဓာတ်ငွေ့ ထွက်ရှိရန်အလားအလာကောင်းသော အစမ်းတွင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေသည် အောင်လံမြို့နယ်ဘွတ်ကြီး ရေလှောင်
တမံသို့ရောက်ရှိပြီး ရှင်းလင်းဆောင်တွင်တာဝန်ရှိသူများ၏ရှင်းလင်း တင်ပြချက်များ အပေါ် လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့သည်။၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်လံ မြို့နယ် ကျောက်ပန်းတောင်းကျေးရွာတိုက်နယ်ဆေးရုံသို့ရောက်ရှိ၍ ဆေးရုံဝန်းအတွင်းရှိ ဆေးသို လှောင်ခန်း၊ ခွဲစိတ်ခန်း၊ သားဖွားခန်း၊ ဓာတ်မှန်ခန်း၊ ဆေးထည့်ခန်း ၊ပြင်ပလူနာကြည့်ရှုခန်းတို့ကို ကြည့်ရှု စစ်ဆေးပြိီး ဆေးရုံတက်လူနာများအားကြည့်ရှုအားပေးကာတိုင်းဒေသကြီးကျန်းမာရေးဦးစီးမှူးနှင့် တိုက်နယ်တာဝန်ခံဆရာဝန်တို့အား ဆောင်ရွက်ရမည့်လုပ်ငန်းများကိုမှာကြားပြီး တိုက်နယ်ဆရာဝန်၏ တင်ပြချက်များကိုဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့အတူတိုင်းဒေသကြီးဝန်ကြီးချုပ်သည် မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာ တိုက်နယ်ဆေးရုံ သို့ရောက်ရှိင်္ပြီးဆေးရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးပြီးဆေးရုံတက်လူနာများအား ကြည့်ရှုအားပေးကာ အဟာရပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment