Friday, April 10, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ နံနက် (၉း၁၀) အချိန်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊ အောင်လံ မြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် စက်ရုံရပ်ကွက်၌ လူတစ်ဦး ဓါတ်လိုက်သေဆုံး ကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အောင်လံမြို့နယ်၊ ကသစ်ကန် ကျေးရွာနေ မြို့နယ်လျှပ်စစ်လုပ်ငန်း နေ့စားလုပ်သားဖြစ်သူ တင်မိုးဝင်း(၂၇)နှစ်အား ဝဲဘက် ဒူးခေါင်း အထက် ဝါယာကြိုး ထိမိသည့်ဒဏ်ရာ(၂)ချက်၊ ဝဲဘက်ပေါင်တွင် ဝါယာကြိုးဒဏ်ရာ (၁)ချက်တို့ ရရှိ သည်ကို တွေ့ရှိ ရသဖြင့် ဖြစ်စဉ်အား စုံစမ်းရာ စက်ရုံရပ်ကွက်၊ ပြည်လမ်းနှင့် မြတ်လေးလမ်းထောင့်ရှိ ဟောင်းနွမ်းမီးကြိုးများ အသစ်လဲလှယ်ရန် လျှပ်စစ်ကျွမ်းကျင်(၄)ဦးခင်ထွန်း၊ ရုံးအကူ ကိုဇော်မင်းနှင့် အတူ လဲလှယ်ဆောင်ရွက်ရာ တင်မိုးဝင်း တစ်ဦးတည်း ဓါတ်တိုင်ပေါ်သို့ မီးလိုင်းပိတ်ရန် တက်ရောက် စဉ် Nutural reback ပြန်ဝင်၍ ဓါတ်လိုက်ဒဏ်ရာရရှိသဖြင့် အောင်လံပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွား၍ ၎င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် အောင်လံ မြို့နယ်၊ မြို့မရဲစခန်း သေမှုသေခင်း အမှတ် စဉ် (၃/၂ဝ၁၅) အရ ရေးဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။ 

အလားတူ ၎င်းနေ့ နေ့လည် (၁၂) နာရီခွဲအချိန်တွင် စလင်းမြို့နယ်၊ သပြေကုန်းအုပ်စု၊ ကုန်းကြား ရွာနေ မချောစု(၃၅)နှစ်သည် အာမိုဘက်တင် ရွက်ဖျန်း ပိုးသတ်ဆေးရည်သောက်၍ ဆေးရုံသို့ ၊ ရောက်ရှိနေကြောင်း ဆင်ဖြူကျွန်းတိုက်နယ်ဆေးရုံမှ အကြောင်းကြားချက်အရ သွားရောက်စုံစမ်းရာ မချောစုသည် ချောင်းဖြူရွာနေ ၄င်း၏ညီမဖြစ်သူ မချောပု၏နေအိမ်၌ ပိုးသတ်ဆေးသောက် ထားသည်ကို မိဘများမှ သိရှိရ၍ ၎င်းအားဆေးရုံသို့ပို့အပ်စဉ် သေဆုံးသွားသဖြင့် မချောစု သေဆုံးခြင်းမှာ ဓမ္မတာအတိုင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန်အတွက် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းနယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၃/၂ဝ၁၅)ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video