Saturday, April 11, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ နံနက် (၄)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပေါက်မြို့နယ်၊ အုန်းတောချောင်း အနီး၌ သုံးဘီး ဆိုင်ကယ်တစ်စီးပေါ်မှ လူတစ်ဦးပြုတ်ကျ သေဆုံးကြောင်း သတင်းအရ သွားရောက်စစ်ဆေး ခဲ့ကြောင်း၊ 
စစ်ဆေးချက်အရ ပေါက်-ပခုက္ကူကားလမ်းအတိုင်း လက်ခုပ်ပင်ရွာမှ ပေါက်မြို့သို့ မြိုင်မြို့နယ်၊ လက်ခုပ် ပင်ကျေးရွာနေသူ ချမ်းမြေ့အောင် (၂၅)နှစ်သည် ၇ဟ/xxxxx၊ LONCIM နံ့သာရောင် သုံးဘီးဆိုင် ကယ်ပေါ်တွင် ခရီးသည် ကျား(၄)ဦး၊ မ(၃)ဦးတို့အား တင်ဆောင်မောင်းနှင်လာစဉ် မိုင်တိုင် အမှတ် ၄၉/၆ နှင့် ၄၉/၇ အကြား၊ အုန်းတောချောင်း အနောက်ဘက် အတက်လမ်း အရောက်တွင် လည်ပင်း အား စောင်ပတ်၍ မောင်းနှင်လာစဉ် စောင်စမှာ သုံးဘီးဆိုင်ကယ် ဆိုင်ကယ်ဂျွိုင်းကြားတွင် ညပ်၍ ချမ်းမြေ့အောင်မှာ လည်ပင်းအစ်သေဆုံးသွားသဖြင့် သုံးဘီးဆိုင်ကယ်ပေါ့ဆစွာ မောင်းနှင်သူ ချမ်းမြေ့အောင်အား ပေါက်မြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video