Wednesday, April 1, 2015

၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ ညနေ (၅း၁၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်း နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်းအမှတ် (၃/၂၀၁၅)ဖြင့် စလင်း မြို့နယ်၊ ဥာဏ်ကန်ရွာနေသူ ဦးသန်းချစ် (၅၀)နှစ် ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်း ရပ်ထားသော ရှာရမ်း-၁၁၀ ဆိုင်ကယ် ဖင်ထိုင်ခုံအောက်နှင့် နေအိမ်ဘုရားစင်ပေါ်မှ သုံးလုံးထီ လောင်း ကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့် ဆက်စပ်ပစ္စည်းများ၊ ၄င်း၏အင်္ကျီအိတ်ကပ် အတွင်းမှ လောင်းကြေး ငွေစက္ကူရောရာ ၂၀၄၀၀ိ/-တို့အား ရှာဖွေသိမ်းဆည်းရမိသဖြင့် တရားမ၀င် ချဲထီလောင်းကစား ပြုလုပ်သူ ဦးသန်းချစ်အား စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းနယ်မြေရဲစခန်း (ပ) ၁၁/၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video