၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ ည (၉း၅၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မင်းလှမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ထန်းကိုင်းရေနံမှော် အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ရွာသစ်ကျေးရွာအနီးတွင် မသင်္ကာဖွယ်လူတစ်ဦး အား တွေ့ရှိ၍ စစ်ဆေးရာ မင်းလှမြို့နယ်၊ တောင်ဦးကျေးရွာနေသူ ပေါက်စ(ခ)အေးလွင် (၃၇) နှစ် ဖြစ်ပြီး ၄င်းလွယ် ထားသော လွယ်အိတ် အတွင်းမှ အရိုးအသွား (၁၂)လက်မခန့်ရှိ ဓါးမြောင်(၁)ချောင်းအား သိမ်းဆည်း ရမိသဖြင့် တရားမ၀င်ဓါးမြှောင် ကိုင်ဆောင်သူ ပေါက်စ(ခ)အေးလွင်အား မင်းလှမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၉/၂၀၁၅၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အမှုရေးဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိ ပါသည်။
Wednesday, April 1, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment