Friday, April 24, 2015

ထီးလင်း ဧပြီ ၂၁
    ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကကြီးမှူး၍ ကျေးလက် လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ထားရာ မိမိတို့ရပ်ရွာဒေသဖွံ့ဖြိုးရေး
လုပ်ငန်းများ ဆောင်ရွက်သည့်အခါ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်တတ်စေရန်ရည်ရွယ်လျှက် ကျေးလက်
လူငယ်စွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
    အဆိုပါသင်တန်းဖွင့်လှစ်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီ၊းဌာနဖွဲ့စည်းပုံ၊ စီမံကိန်းလုပ်ငန်း များ၊ ဖွင့်လှစ်ဦးမည့်သင်တန်းများ၊ ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများ၊ ပုဂ္ဂလိကဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ တိရစ္ဆာန်များတွင် ဖြစ်ပွါးတတ်သောရောဂါများနှင့် ကာကွယ်ရန်နည်းလမ်းများ၊ မျိုးကောင်းမျိုးသန့် တိရစ္ဆာန်များ မွေးမြူတတ်စေရေး၊ တိရစ္ဆာန်စားကျက်နှင့် အဟာရများအကြောင်းတို့ကို ဆွေးနွေးပို့ချ
ကြကြောင်းနှင့် ထီးလင်း မြို့နယ်အနေဖြင့်၂၀၁၅ ခု နှစ်တွင် ကျေးရွာများမှ သင်တန်းသား ၁၀၅ ဦးတို့ကို သင်တန်းပို့ချဆွေးနွေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video