Friday, April 24, 2015

ဧပြီ ၂၄

    မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တွင် ဧပြီလ ၂၁ရက်နေ့ညနေ(၅း၃၀)
အချိန်ခန့်တွင် လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့်
 ရေစကြိုမြို့နယ်ရှိ ကျေးရွာ(၁၀)ရွာတွင်ပျက်စီး ဆုံးရှုံးမှုများရှိခဲ့ပြီး အဆိုပါကျေးရွာများမှ စေတီတစ်ဆူ၊ ဘုန်ကြီးကျောင်းတစ်ကျောင်း၊ စာသင်ကျောင်း (၆)ကျောင်း၊ လူနေအိမ် (၃၆)လုံး၊ တဲ(၄)လုံး၊ ထန်းအပင်(၅၀) လူတစ်ဦးနှင့် နွားမတစ်ကောင်သေဆုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး သိန်းပေါင်း(၁၃၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
    အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရေစကြိုမြို့နယ် ထန်းချောင်းကျေးရွာနေ အဖဦးအောင်ရွှေ၏
သား နိုင်မိုးသက် အသက်(၃၁)နှစ် သည် ထန်တက်လုပ်ငန်းဆောင်ရွက်နေစဉ်အချိန်တွင်
 လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ထန်းပင်အမြင့် ၂၅ပေခန့်မှ ပြုတ်ကျ၍ ပင်စည်နှင့် ဦးခေါင်းရိုက်မိပြီး နေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြာင်းသိရှိရသည်။
    အဆိုပါလေပြင်းများတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းတို့ကြောင့် ပျက်စီးသွားသော ကျေးရွာ (၁၀)ရွာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသွားရောက်၍ ဒေသခံများနှင့် ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိကြောင်းနှင့် ပျက်စီးသွားသော
 ကျောင်း(၆)ကျောင်းအား ပညာရေးဌာနမှ     ဆုံးရှုံးမှုတန်ကြေးများတွက်ချက်၍ ၂၀၁၅-၂၀၁၆ပညာသင်နှစ် ကျောင်းဖွင့်ရာသီးအမှီ ပြုပြင်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video