၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ ည (၁၁)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ပေကံကုန်းကျေးရွာနေသူ ဒေါ်ရီမြင့် (၅၃)နှစ်သည် နေအိမ်၌ သားဖြစ်သူ သိန်းဌေးဦး၊ သမီးဖြစ်သူ မပန်းအိဝင်းတို့နှင့်အတူ အိပ်ပျော်နေစဉ် နေအိမ်အောက်မှ ခွေးဟောင်သံကြောင့် ဒေါ်ရီမြင့်တို့ သားအမိ(၃)ဦး အိပ်နေရာမှလန့်နိုးခဲ့ပြီး အိမ်ပေါ်သို့ လူတစ်ဦးတက်လာသည့် ခြေသံကြား ရသဖြင့် အိပ်ယာဘေး၌ ထားရှိသည့် ဓါတ်မီးဖြင့် ထိုးကြည့်ရာ ခြံဝိုင်းချင်းကပ်လျှက်နေ အိမ်နီးချင်း ဖြစ်သူ မျိုးနိုင် (၃၈)နှစ် အား နေအိမ်အပေါ်ထပ် ၀င်ပေါက်တံခါးအနီးတွင် တွေ့ရှိရကြောင်း၊
သားဖြစ်သူ သိန်းဌေးဦးမှ မျိုးနိုင်အား `ခင်ဗျားဘာလာလုပ် တာလဲ´ဟု မေးမြန်းရာ ပြန်လည်ဖြေကြား ခြင်း မရှိဘဲ နေအိမ်ပေါ်မှ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
ညဥ့်အချိန် နေအိမ်အတွင်းသို့ ပုန်းလျှိုးဝင်ရောက်သူ မျိုးနိုင်အား အရေးယူပေးရန် ၂၂.၄.၂၀၁၅ ရက်နေ့ တွင် ဒေါ်ရီမြင့်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြို့သစ် မြို့နယ်၊ မြို့မရဲစခန်း (ပ)၅၃/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၅၆ အရ အမှုရေးဖွင့် ဆောင်ရွက် လျှက် ရှိကြောင်း သတင်း ရရှိပါသည်။


0 comments:
Post a Comment