၂၀၁၅ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့ ည(၈) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ အနောက် တောင်ပိုင်း ရပ်ကွက်နေသူ ဒေါ်ခင်လေး(၃၁)နှစ် သည် နေအိမ်တွင်ရှိနေစဉ် အိမ်ရှေ့လမ်းမပေါ် ၌ ဒေါ်ခင်လေး၏မိခင် ဒေါ်တင်တင်အေးနှင့် တရပ်ကွက်တည်းနေသူ သန့်ဇင်ထွန်း (ခ)ကိုဇင် (၂၅)နှစ် တို့ ရေမပေးသည့် ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာ သန့်ဇင်ထွန်း(ခ) ကိုဇင်မှ ဒေါ်တင်တင်အေး အား အ၀တ်လျှော်တုတ်ဖြင့် ရိုက်နှက်သဖြင့် နောက်ကျောတွင် ဒဏ်ရာ (၁)ချက်ရရှိစဉ် ဒေါ်ခင်လေး၏ ဖခင်ဖြစ်သူ ဦးသိန်းရွှေ (၅၇)နှစ်မှ ၀င်ရောက်တားမြစ်ရာ ဦးသိန်းရွှေ အား ဆက်လက်ရိုက်သဖြင့် ဦးသိန်းရွှေတွင် ဦးခေါင်းထိပ်နှင့် ယာဖက်ဂျိုစောင်းတွင် (၀.၅)လက္မခန့် ပေါက်ပြဲဒဏ်ရာ (၁)ချက်စီရရှိ၍ အိမ်နီးချင်းနေထိုင်ပြီး ရင်းနှီးသူများဖြစ်သဖြင့် မည်သူကိုမျှ အကြောင်း ကြားခြင်း မရှိဘဲ နေထိုင်ခဲ့ကြောင်း၊
၁၇.၄.၂၀၁၅ ရက်နေ့ ည (၇)နာရီခွဲ အချိန်ခန့်တွင် ဦးသိန်းရွှေမှာ ရရှိထားသောဒဏ်ရာကြောင့် စကားမပြောနိုင်တော့သဖြင့် သရက်ခရိုင်ပြည်သူ့ဆေးရုံ သို့ တက်ရောက်ကုသခဲ့ရာ ၁၉.၄.၂၀၁၅ ရက်နေ့ နံနက် (၉)နာရီခွဲအချိန် ဆေးရုံမှ ဆင်းခွင့် တောင်း၍ ပြန်လာခဲ့ကြောင်း၊
၂၂.၄.၂၀၁၅ ရက်နေ့ နံနက် (၁၀)နာရီခွဲအချိန် ရရှိသောဒဏ်ရာဖြင့် နေအိမ်၌ သေဆုံး သွားသဖြင့် ဖခင်ဖြစ်သူအား တုတ်ဖြင့်ရိုက်သူ သန့်ဇင်ထွန်း(ခ) ကိုဇင်အား အရေးယူပေးရန် ၂၂.၄.၂၀၁၅ ရက်နေ့ တွင် ဒေါ်ခင်လေးမှ တရားလို ပြုလုပ်တိုင်တန်းသဖြင့် သရက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၄၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment