၂၀၁၅ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ ည (၁၀) နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ဆုံမကျီးကျေးရွာနေသူ ဦးညိုကြီး(၅၁)နှစ်သည် နေအိမ်၌ရှိနေစဉ် ၄င်း၏ သားများဖြစ် ကြသော ချစ်ကို(၂၉)နှစ်၊ ချစ်ဖြိုးအောင် (၁၇)နှစ် နှင့် မောင်လင်းလင်း (၂၆) နှစ်တို့ ၃ ဦး သည် နေအိမ်ဝိုင်း အတွင်းမှနေ၍ လမ်း၏ အနောက်ဘက် မျက်နှာချင်းဆိုင်အိမ်မှ ဦးဘိုလေး (၆၃)နှစ်၊ ကျပန်း၊ ကျော်လေး (၃၀)နှစ်၊ မရီဝင်း(၂၇)နှစ်တို့ ၃ ဦးနှင့် အပြန်အလှန် စကားများရန်ဖြစ် နေကြစဉ် ဦးဘိုလေးမှာ အရိုး(၅)လက္မ၊ အသွား (၇)လက္မ၊ ဗျက်(၂)လက္မခွဲရှိ ဓါးမြှောင်အားကိုင်ဆောင်၍ ကျော်လေးနှင့်အတူ ၎င်း၏ နေအိမ်ခြံဝန်း အပေါက်ဝလမ်းပေါ်သို့ ရောက်လာသဖြင့် ချစ်ကိုမှာ ၎င်းတို့နေရာသို့ သွားရောက်ခဲ့စဉ် ဦးဘိုလေးမှ အသင့်ပါလာသော ဓါးမြှောင်ဖြင့်ထိုးရာ ချစ်ကို၏ ၀မ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိပြီး ဦးဘိုလေးမှာ နေအိမ်သို့ပြန်သွားစဉ် ချစ်ကိုနှင့် ညီဖြစ်သူ ချစ်ဖြိုးအောင်မှ အရှည်(၁)တောင်ထွာ ခန့်ရှိ ၃x၂ လက္မပျဉ် ချောင်းအား ကိုင်၍ ဦးဘိုလေး နောက်သို့ ပြေးလိုက်သွားစဉ် ဦးဘိုလေး နေအိမ်ခြံဝန်းအပေါက် အရောက်၌ ချစ်ဖြိုးအောင် ကိုင်ထားသော ပျဉ်ချောင်းအား ကျော်လေးမှလုယူပြီး ချစ်ကိုအား ရိုက်ရာ ချစ်ကို တွင် လည်ပင်းယာဘက် ညိုမဲဒဏ်ရာ (၁)ချက်ရရှိပြီး လဲကျသေဆုံး သွားခဲ့သဖြင့် သားဖြစ်သူ ချစ်ကိုအား ဓါးဖြင့်ထိုးသူ ဘိုလေးနှင့် တုတ်ဖြင့်ရိုက်သူ ကျော်လေးတို့အား အရေးယူပေးရန် ၂၂.၄.၂၀၁၅ ရက်နေ့တွင် ဦးညိုကြီးမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် နတ်မောက်မြို့နယ်၊ မြို့မရဲစခန်း (ပ)၅၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Thursday, April 23, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment