ဂန့်ဂေါ ဧပြီ ၂၁
ဂန့်ဂေါမြို့နယ်တွင် ကျေးလက်ဒေသနေပြည်သူများအတွက် လမ်းတံတားများပြုပြင်ခြင်း၊ သန့်ရှင်းသည့်
သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိခြင်း၊ ကျေးလက်ကျန်းမာရေးလုပ်ငန်းများ ဆောက်လုပ် ခြင်း၊ စာသင်ကျောင်းများ ပြုပြင်ဆောက်လုပ်ထားခြင်းတို့ ဆောင်ရွက်ထားသဖြင့် ကျေးလက်ဒေသနေပြည်သူ များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင်ပြေလွယ်ကူလျှက်ရှိနေကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်တွင် ကွမ်းဇဲကျေးရွာ၌ ဆိုလာစနစ်ဖြင့် ကျေးရွာနေပြည်သူများ လျှပ်စစ်မီးသုံးစွဲနိုင်ခြင်း၊
တောင်ခင်ရန်း၊ မြင်သားကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များတွင် စာသင်ကျောင်းများတိုးချဲ့ပြုပြင်
ဆောက်လုပ်နိုင် ရေးဆောင်ရွက်ထားခြင်း၊ အုတ်တံတိုင်းများဆောက်လုပ်ခြင်း၊ တဇန်း၊ တောင်လုံး၊ အိမ်သစ်စသည့် ကျေးရွာများတွင် သောက်သုံးရေအတွက် ဆောင်ရွက်ပေးခြင်းများဆောင်ရွက်ထားကြောင်းနှင့် အဆိုပါလုပ်ငန်းများသို့ မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး
အထောက်အကူပြုကော်မတီဥက္ကဌ ဦးနိုင်ဦးတို့ နှင့် တာဝန်ရှိသူများသည် ဧပြီ ၂၁ ရက်ကကွင်းဆင်းကြည့်ရှု
ကြကြောင်း သိရသည်။
Friday, April 24, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment