၂၀၁၅ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ ည (၁၀)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ ပခုက္ကူ-ရေစကြိုကားလမ်းအတိုင်း ပခုက္ကူဘက်မှ ရေစကြိုဘက်သို့ ပခုက္ကူမြို့၊ စက်မှုဇုံ (၃)လမ်းနေသူ စန်းမင်းဦး (၂၀)နှစ် မောင်းနှင်လာသည့် ဒါရမ်း ၁၂၅ အနက်ရောင် ဆိုင်ကယ် သည် စို့တွင်းကျေးရွာအနီး၊ ပခုက္ကူ-ရေစကြိုကားလမ်း မိုင်တိုင်အမှတ် ၁/၁၄ အရောက်တွင် အရှိန် မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ရှိ အုတ်ခုံအား ၀င်ရောက်တိုက်မိသဖြင့် စန်းမင်းဦးတွင် ဦးခေါင်း ဂျိုစောင်း ပေါက်ပြဲ ဒဏ်ရာ၊ ယာလက်ပေါက်ပြဲဒဏ်ရာ၊ ယာခြေပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့သဖြင့် ဆိုင်ကယ်မဆင် မခြင် မောင်းနှင်သူ စန်းမင်းဦးအား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်းယာဉ်(ပ)၅၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment