Monday, April 6, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ ညနေ(၅း၄၅) အချိန် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှ မြို့နယ်၊ လင်းကယ်ရဲကင်းစခန်းမှူး ရဲအုပ် အောင်မိုးနှင့်အဖွဲ့သည် ဒဟတ်ပင်ရေနံမှော် လုပ်ကွက် (၄)တွင် မီးလောင် မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ဒဟတ်ပင်ရေနံမှော် လုပ်ကွက်(၄)တွင် နေထိုင်သူ မသန်းဌေး(၃၉)နှစ်၏ မီးဖိုမီးကြွင်းမီးကျန်မှ မီးစတင် လောင်ကျွမ်းပြီး မသန်းဌေး၏ (၃)ပင်တဲသက္ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်းတဲ တန်ဖိုး ၃ဝဝဝိ/-ခန့် မီးလောင်ဆုံးရှုံးခဲ့သဖြင့် မီးပေါ့ဆစွာအသုံးပြုသူ မသန်းဌေးအား မင်းလှမြို့နယ်၊ မြို့မ ရဲစခန်း(ပ)၅၆/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်း ရရှိပါသည်။ 

အလားတူ ၎င်းနေ့ နေ့လည် (၁) နာရီခွဲအချိန် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ဇီးတောကျေးရွာ မြောက်ဘက် ၊ ရှောက်တော-ကုန်းဇောင်းကျေးရွာသွားလမ်းမ ယာဘက်ခြမ်းရှိ မြေစိုက်၊ ဝါးထရံကာ၊ သွပ်မိုး၊ သုံးပင်တဲ တွင် နေထိုင်သူ မင်းအောင်(ခ)ကုလား၊ ၃၃နှစ်သည် လယ်ရေသွင်း ဓါတ်ဆီသုံး ဒိုင်းရှင်းစက်တွင် ဓါတ်ဆီ ထည့်ရန် အသင့်ဝယ်ယူထားသော(၁)ဂါလံဆန့် ပလပ်စတစ်ဗူးထဲမှ ဓါတ်ဆီ (၁) ဂါလံခန့်အား ဂါလံခွက် ထဲသို့ ထည့်နေစဉ် ဂါလံခွက်နှင့် ပလပ်စတစ်ဗူးနှုတ်ခမ်းတို့ ထိတွေ့ ပွတ်တိုက်ရာမှ မီးလောင်ကျွမ်းခဲ့ပြီး တဲအရှေ့ဘက် (၁ဝ)ပေပတ်လည်ခန့်ရှိ ဝါးထရံအား မီးကူးစက် လောင်ကျွမ်းကာ တန်ဖိုး ၅၂ဝဝိ/-ခန့် ဆုံးရှုံးခဲ့၍ မင်းအောင် (ခ)ကုလားမှာ မီးအပူဟပ် မှုကြောင့် ဝဲ/ယာပေါင်မှခြေဖျားအထိ အပူလောင်ဖုများ၊ ယာလက်မောင်းမှ လက်ဖျားထိ အပူလောင်ဖုများ၊ ဝဲလက်ခုံနှင့်လက်ချောင်းများတွင် အပူလောင်ဖု များနှင့် ၊ ကျောပြင်နှင့် တင်ပါးတို့တွင် အပူလောင်ဖုများ ရရှိခဲ့သဖြင့် မီးပေါ့ဆစွာ အသုံးပြုသူ မင်းအောင် (ခ) ကုလားအား ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းနယ်မြေ ရဲစခန်း (ပ)၁ဝ/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိ ကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video