၂၀၁၅ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ ည(၇)နာရီအချိန်ခန့်တွင် ပြည်သူတစ်ဦး၏ သတင်းပေးတိုင်တန်းချက် အရ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအုပ် မျိုးနိုင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ ဆင်ပေါင်ဝဲ မြို့နယ်၊ လက်ပန်ကျေးရွာနေ အောင်ကျော်လင်း(၄၂)နှစ်၏ ''ရွှေပြည်သာ'' စားသောက်ဆိုင်အား သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သတင်းရရှိပါသည်။
ဆင်ပေါင်ဝဲမြို့နယ်၊ လက်ပန်ကျေးရွာနေ အောင်ကျော်လင်းမှ ''ရွှေပြည်သာ'' စားသောက်ဆိုင်အတွင်း စားပွဲခုံပေါ်တွင် ဘောလုံးလောင်းကစားဒိုင်အဖြစ် ပြုလုပ်နေပြီး လောင်းကစားရာတွင်အသုံးပြုသော စာရွက် စာတမ်းများနှင့်အတူ လောင်းကြေးငွေ ၂ဝ၃ဝဝိ/-၊ HUAWEI ဟန်းဆက် (၁)လုံးတို့အား တွေ့ရှိ သိမ်းဆည်း ရမိသဖြင့် ဘောလုံးပွဲဒိုင်အဖြစ် လောင်းကစားသူ အောင်ကျော်လင်းအား ဆင်ပေါင်ဝဲ မြို့နယ်၊ မြို့မရဲစခန်း (ပ) ၂၅/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က) အရ အမှုဖွင့်အရေး ယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment