၂၀၁၅ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ ညနေ(၃)နာရီ အချိန် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီး မြို့နယ်၊ တောင်တွင်းကြီး မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း(၁) ရပ်ကွက်၊ တောင်တွင်းကြီး-မကွေးကားလမ်းပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း၊
စစ်ဆေးချက်အရ တောင်တွင်းကြီး-မကွေး ကားလမ်းအတိုင်း မကွေးဘက်မှ တောင်တွင်းကြီးဘက် သို့ တောင်တွင်းကြီးမြို့နယ်၊ ဟင်္ဂရော်ကျေးရွာနေသူ ဇော်နိုင်ဦး (၂၁)နှစ် မောင်းနှင်ပြီး နောက်တွင် တစ်ရွာ တည်းနေ ကိုမျိုး(၂၀)နှစ် ထိုင်စီးလိုက်ပါလာသည့် ယာယီ /xxxxxx လော့ဂျား ၁၂၅ နီ/နက် ကြားရောင် ဆိုင်ကယ်နှင့် ၄င်းလမ်းအတိုင်း တောင်တွင်းကြီးဘက်မှ မကွေးဘက်သို့ မြို့သစ်မြို့နယ်၊ ကံကြီးကျေး ရွာနေသူ ကိုခင်မောင်မြင့် (၅၂)နှစ် မောင်းနှင်လာသည့် 9F/ 1989 LINEROSRX အဖြူရောင် ယာဉ်တို့ သည် မိုင်တိုင်အမှတ် ၂၈၁/၀ အနီး ပြည့်စုံပွဲရုံရှေ့ အရောက်တွင် အရှိန် မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် တိုက်မိသဖြင့် ဇော်နိုင်ဦးတွင် ၀ဲပေါင်/ မေးစေ့ ပေါက်ပြဲဒဏ်ရာ (စိုးရိမ်ရ)နှင့် ကိုမျိုးတွင် ၀ဲလက်နာကျင်၊ ယာခြေပွန်း၊ ၀ဲ/ယာဒူး နာကျင်ဒဏ်ရာ (မစိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင် သူ ဇော်နိုင်ဦးနှင့် ခင်မောင်မြင့်တို့အား တောင်တွင်းကြီး မြို့နယ်၊ မြို့မရဲစခန်းယာဉ်(ပ) ၃၂/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment