Saturday, April 25, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ နေ့လည်(၁) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ညောင်ဝိုင်း ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အုတ်ပုံကျေးရွာ အတွင်း နယ်မြေသတင်းစုံစမ်းစဉ် အုတ်ပုံကျေးရွာလမ်းပေါ်၌ ၄င်းရွာနေသူ အောင်သူ (၂၆) နှစ်သည် အရက်သောက်စား မူးယစ်ပြီး အရိုး(၈)လက်မခွဲ၊ အသွား (၁၆)လက်မခွဲ ခန့်ရှိ ဓါးဦးချွန်(၁)ချောင်း ကိုင်ဆောင်၍ ရမ်းကားနေသည်ကို တွေ့ရှိရသဖြင့် အောင်သူအား မင်းလှမြို့နယ်၊ မြို့မရဲစခန်း(ပ) ၆၂/၂၀၁၅၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video