Saturday, April 25, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ ည(၁၁) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် မင်းဘူးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မင်းဘူးမြို့၊ အမှတ်(၁)ရပ်ကွက်၊ နမ္မဒါဂေါက်ကွင်းအနီးနေသူ အောင်ကိုမင်း (၁၉)နှစ်နှင့် ၄င်း၏ အစ်ကိုဖြစ်သူ ကျော်ဇင်သိန်း(၂၃) နှစ်တို့ ညီအစ်ကိုနှစ်ဦးထံတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများရောင်းချရန် ရှိကြောင်းနှင့် ၀ယ်ယူ လိုပါက မင်းဘူး-စကုကားလမ်းဘေးရှိ ကြယ်စင်သစ် စားသောက်ဆိုင်၊ အခန်း အမှတ်(၃)တွင် စောင့်ဆိုင်းရန် သတင်းအရ သက်သေများနှင့် အတူ ကြယ်စင်သစ် စားသောက်ဆိုင်၊ အခန်းအမှတ်(၃)အတွင်း ၀င်ရောက်ရှာဖွေခဲ့ရာ အောင်ကိုမင်းနှင့် ကျော်ဇင်သိန်းတို့ ထိုင်နေသော နေ ရာဘေးရှိ မြန်မာဘီယာပုလင်းခွံအတွင်းမှ အနက်ရောင်တိပ်စဖြင့် ထုပ်လျှက် မူးယစ်ဆေးဝါးနှင့် စိတ် ကိုပြောင်းလဲစေသော ဆေးဝါးဟုထင်ရသော နီညိုရောင်ဆေးပြား (၇)ပြား (၀.၇) ဂရမ်၊ အရည် ပျော်နေသော နီညိုရောင်ဆေးပြား (၁)ပြားခန့် (၀.၁)ဂရမ်တို့ တွေ့ရှိ သိမ်းဆည်း ရမိသဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတက်သော ဆေးဝါးများ လက်ဝယ်ထား ရှိသူ အောင်ကိုမင်းနှင့် ကျော်ဇင်သိန်း တို့အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း မယ(ပ)၁/၂၀၁၅၊ မူးယစ် ဆေး ၀ါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၂၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း၊
အောင်ကိုမင်းနှင့် ကျော်ဇင်သိန်းတို့နှစ်ဦးအား ဆက်လက်စစ်ဆေးချက်အရ ၄င်းတို့ ရောင်းချရန် စီစဉ် ခဲ့သော ဆေးဝါးများမှာ မင်းဘူးမြို့၊ အမှတ်(၃) ရပ်ကွက်နေ ထက်အောင်ထွန်း (၂၈) နှစ် ထံမှတဆင့် ၀ယ်ယူရောင်းချရန် စီစဉ်ခဲ့သော ဆေးဝါးများဖြစ်ကြောင်း သိရှိရသဖြင့် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး၏ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဖမ်းဆီးခွင့်ဝရမ်းအမှတ် ၁/၂၀၁၅ ဖြင့် ထက်အောင်ထွန်း၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ ထက်အောင်ထွန်းနှင့်အတူ မင်းဘူးမြို့၊ အမှတ်(၄) ရပ်ကွက်နေသူ ဇော်မင်းဦး(၃၁) နှစ်တို့အား တွေ့ရှိရပြီး ၄င်းတို့ထံမှ 88 စာတမ်းပါ နီညိုရောင် မူးယစ်ဆေး ၀ါးဟု ထင်ရသော ဆေးပြား(၁)ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်း များ တွေ့ရှိသိမ်းဆည်းရမိသဖြင့် ထက်အောင်ထွန်း နှင့် ဇော်မင်းဦး တို့အား အရေးယူပေးရန် ၂၄.၄.၂၀၁၅ ရက်နေ့ ၀၅၃၀ အချိန် ရဲအုပ် မျိုးနိုင်မှ တရားလိုပြုလုပ် တိုင်တန်း သဖြင့် မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း မယ(ပ)၂/၂၀၁၅၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေတတ်သော ဆေးဝါးဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၂၀/၂၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video