မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အင်းဒေါင်းကျေးရွာအုပ်စု၊ အင်းဒေါင်း ကျေး ရွာနေ သိန်းစိုး(၄၃) နှစ်၊ စိုးမင်းဦး (၃၀) နှစ်၊ အောင်ထွန်း (၃၈) နှစ်နှင့် သမော်အင်း ကျေးရွာနေ စန်းလွင်၊ ၅၈ နှစ်တို့ ၃ ဦးသည် ၂၀၁၃-၂၀၁၄ ခုနှစ်များအတွင်း၌ ပွင့်ဖြူမြို့မရဲစခန်းအပိုင် နယ်မြေအတွင်း ကြက်တိုက်လောင်းကစားမှုများ မကြာခဏပြုလုပ်လေ့ ရှိပြီး ကြက်တိုက် လောင်းကစားမှုဖြင့် အသက်မွေး ၀မ်းကြောင်း ပြုလုပ်ကြောင်း ကျော်ဇောသတင်း ရှိသူများဖြစ်၍ ၄င်းတို့အား ပြင်ပတွင် လွတ်လပ်စွာ ထားရှိ ပါက ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ကို ထိခိုက်ပျက်ပြားစေနိုင်သဖြင့် ၄င်းတို့ ၃ ဦးအား လောင်းကစားဥပဒေ ပုဒ်မ ၂၁/ကျင့် ၁၀၀ ဖြင့် အရေးယူ ဆောင်ရွက်နိုင်ရေး ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနသို့ တင်ပြခဲ့ကြောင်း၊
၂၀၁၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာအမှတ်၊ ၃/၁၅-၁၂၅/ဦး ၁ ဖြင့် ၄င်းတို့ ၃ ဦးအား အရေးယူ ဆောင်ရွက်သွားရန် အကြောင်းပြန်ကြားခဲ့ကြောင်း၊
၂၀၁၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာအမှတ်၊ ၃/၁၅-၁၂၅/ဦး ၁ ဖြင့် ၄င်းတို့ ၃ ဦးအား အရေးယူ ဆောင်ရွက်သွားရန် အကြောင်းပြန်ကြားခဲ့ကြောင်း၊
၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် လောင်းကစားကျော်ဇောသတင်းရှိသူများ ဖြစ်ကြသော သိန်းစိုးအား ပွင့်ဖြူမြို့နယ်၊ ပွင့်ဖြူမြို့မရဲစခန်း (ပ)၆၈/ ၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၂၁/ကျင့် ၁၀၀ အရ လည်းကောင်း၊ စိုးမင်းဦးအား ပွင့်ဖြူ မြို့မရဲစခန်း (ပ)၆၉/ ၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၂၁/ကျင့် ၁၀၀ အရလည်းကောင်း၊ အောင်ထွန်းအား ပွင့်ဖြူမြို့မရဲစခန်း (ပ)၇၀/ ၂၀၁၅၊ လောင်းကစားဥပဒေပုဒ်မ ၂၁/ကျင့် ၁၀၀ အရလည်းကောင်း၊ စန်းလွင်အား ပွင့်ဖြူမြို့မရဲစခန်း (ပ)၇၁/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၂၁/ကျင့် ၁၀၀ အရ လည်းကောင်း အမှုရေးဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment