Saturday, April 25, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ နံနက်(၈)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၊ ဘုရားကြီး ရပ်ကွက်နေသူ မအေမီကျော်(၂၁)နှစ် သည် တစ်ရပ်ကွက်တည်းနေ မသန်းသန်းစိုး အား ဆိုင်ကယ်ဖြင့် တင်ဆောင်၍ ဘုရားကြီး ရပ်ကွက်သို့ ပြန်လာစဉ် ၄င်းတို့နောက်မှ မြို့သစ်မြို့နယ်၊ ကန်သာလေးကျေးရွာနေသူ ပြည့်ဖြိုးအောင် (၂၂)နှစ်သည် ဆိုင်ကယ်ဖြင့် လိုက်လာပြီး ဗိုလ်မင်းရောင် လမ်းနှင့် ဆောက်လုပ်ရေးလမ်းဆုံ အရောက်တွင် မအေမီကျော်၏ ဆိုင်ကယ်အား ရပ်ခိုင်းရာ ရပ်မပေး သဖြင့် မအေမီကျော်၏ ဆိုင်ကယ်ရှေ့တွင် ပိတ်ရပ်ပြီး ပြည့်ဖြိုးအောင်မှ မအေမီကျော်အား ချစ်ကြိုက်ကြောင်း ပြောဆိုရာ လက်မခံ၍ မအေမီကျော် ၏ ပါးနှစ်ဘက်အား လက်ဝါးဖြင့် (၂)ချက်ခန့် ရိုက်ခဲ့၍ မအေမီကျော်တွင် နာကျင်ဒဏ်ရာများရရှိခဲပြီး ၀ဲဘက်နားတွင် ၀တ်ဆင်ထားသည့် ရွှေအလေးချိန် (၂)ရွေးသားခန့်(တန်ဘိုး ၈၇၅၀၀ိ/-ခန့်ရှိ) ရွှေနားဆွဲမှာ ပျောက် ဆုံးသွားခဲ့ကြောင်း၊
ယင်းကိစ္စနှင့်ပတ်သက်၍ ပြည့်ဖြိုးအောင်မှ `ကြိုက်တဲ့အကောင်ခေါ်ခဲ့၊ ဘယ်ကောင်မှ ဂရုမစိုက်ဘူး´ ဟု ပြောဆိုခဲ့ကြောင်း၊
ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည့်ဖြိုးအောင်အား အရေးယူပေးရန် ၂၄.၄.၂၀၁၅ ရက်နေ့တွင် မအေမီကျော် မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြို့သစ်မြို့နယ်၊ မြို့မရဲစခန်း (ပ)၅၄/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၅၄/၃၂၃/၄၀၃ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video