Saturday, April 25, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ နံနက်(၁၁း၁၅)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ ရဲတပ်ဖွဲ့ဝင်များသည် ယာဉ်ထိန်းရုံးတွင် တာဝန်မှူးတာဝန် ဆောင်ရွက်နေစဉ် ပခုက္ကူမြို့၊ အမှတ် (၁၅)ရပ်ကွက်၊ ပညာရေးကောလိပ်အနီး မြို့မလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ 
စစ်ဆေးချက်အရ ပခုက္ကူ-ပေါက် ကားလမ်းအတိုင်း မလှိုင်မြို့မှ ပခုက္ကူမြို့ဘက်သို့ မန္တလေးတိုင်း ဒေသကြီး၊ မလှိုင်မြို့နေသူ မိုးမင်း (၂၀)နှစ် မောင်းနှင်သော 7I/3940 CANTER အဖြူရောင် ယာဉ်မှ လမ်း၏ ၀ဲဘက်သို့ ရုတ်တရက်ချိုးကွေ့စဉ် ၄င်းလမ်းအတိုင်း ဆယ်ကျေးရွာမှ ပခုက္ကူမြို့တွင်းသို့ ပခုက္ကူမြို့နယ်၊ ဆယ်ကျေးရွာနေသူ ဇင်မျိုးအောင်(၁၆) နှစ် မောင်းနှင်လာသည့် PINBO-125 နက်ပြာရောင် ဆိုင်ကယ်နှင့် တိုက်မိသဖြင့် ဇင်မျိုးအောင်တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင် မခြင်မောင်းနှင်သူ မိုးမင်းအား အရေးယူပေးရန် ၂၄.၄.၂၀၁၅ ရက်နေ့ ၁၇၁၅ အချိန် ဒုရဲအုပ် ၀င်းခိုင်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်းယာဉ်(ပ) ၇၂/ ၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video