၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ နံနက်(၁၀) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သဇင်ကျေးရွာ၌ လူတစ်ဦး ကြိုးဆွဲချ သေ ဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ သဇင်ကျေး ရွာနေသူ ဇော်ဇော်ထက်(၂၈) နှစ် ဖြစ်ကြောင်းနှင့် ၄င်းမှာ အရက်သေစာ သောက်စားကာ စိတ်ကစဥ့် ကလျားဖြစ်၍ နေအိမ်အမြင့် ၇ ပေခန့်ရှိ သစ်သားထုတ်တန်းပေါ်သို့ ကြိုးချည်ကာ ကြိုးဆွဲချ သေဆုံးနေ သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်း စစ်ဆေးနိုင်ရန် ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၅) အရ အမှုရေးဖွင့် ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။
Saturday, April 25, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment