၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ ည(၉)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ နယ်၊ မင်းတဲကျေးရွာနေ ဒေါ်တင်ဌေး(၅၂)နှစ်သည် သမီးဖြစ်သူ မအေးအေးသင်း (၁၅)နှစ် နှင့် အတူ နေအိမ်တွင် ရှိနေစဉ် တစ်ရွာတည်းနေ ထွန်းနိုင်(ခ)ထွန်းထွန်းနိုင် (ခ)ပြုံးချို (၃၀)နှစ် အရက်သောက် စားမူးယစ်ပြီး ရောက်လာသဖြင့် ညအချိန်ဖြစ်နေ၍ ဒေါ်တင်ဌေးမှ ပြန်ရန်ပြောရာ ထွန်းနိုင်(ခ) ထွန်းထွန်းနိုင် (ခ)ပြုံးချိုမှ ဆဲဆိုကာ လက်သီးနှင့်ထိုး၊ ခြေထောက်နှင့်ကန်သဖြင့် ဒေါ်တင်ဌေးတွင် လည်ဂုတ်ဖူးရောင် နာကျင်ဒဏ်ရာ ရရှိပြီး သမီးဖြစ်သူ မအေးအေးသင်းမှ ၀င်ရောက်တားရာ မအေးအေးသင်း၏ ၀ဲဘက်ပါး အား ရိုက်ခဲ့သဖြင့် ထွန်းနိုင်(ခ) ထွန်းထွန်းနိုင် (ခ)ပြုံးချို အား အရေးယူပေးပါရန် ၂၆.၄.၂၀၁၅ ရက်နေ့ တွင် ဒေါ်တင်ဌေးမှ တရားလို ပြုလုပ် တိုင်တန်းသဖြင့် ကံမမြို့နယ်၊ မြို့မရဲစခန်း(ပ) ၁၈/၂၀၁၅၊ ပြစ်မှုဆိုင် ရာ ဥပဒေပုဒ်မ ၄၅၂/၃၂၃/၂၉၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
Sunday, April 26, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment