၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ နံနက်(၉)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဆူးဝင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ခင်မှ ဘုရားလေးကုန်း ရေနံမှော်တွင် လူတစ်ဦး ကြိုးဆွဲချသေဆုံး နေကြောင်း ဖုန်းဖြင့် အကြောင်းကြားချက်ရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ မြိုင်မြို့နယ်၊ ဆူးဝင်းကျေးရွာနေသူ ဆန်းလင်းကို (၃၅)နှစ်ဖြစ်ပြီး ၄င်းသည် ဘုရားလေးကုန်းရေနံမှော် မြောက် ဘက်အစပ်ရှိ လူနေထိုင်ခြင်း မရှိသော တဲအတွင်း ယောက်တန်းတွင် အရှည်(၆)ပေခန့်၊ လုံးပတ် (၃)မူးလုံးခန့်ရှိ ကြိုးနှင့် ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိရပြီး ၄င်းမှာ စိတ်ပုံမှန်မရှိဘဲ လျှောက်သွား နေလေ့ရှိကြောင်း သိရှိရ သဖြင့် သေဆုံးရခြင်း အကြောင်းရင်းမှန်အား သိရှိနိုင်ရန် အတွက် မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေ ရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၃/၂၀၁၅) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။
Sunday, April 26, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment