Sunday, April 26, 2015
3:51 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ထီးလင်း ဧပြီ ၂၃
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ဝါးဘိုးချောင်ကျေးရွာ မြင့်မြတ် စာကြည့်တိုက်သို့ စာအုပ်များပေးအပ် လှူဒါန်းပွဲကို ဧပြီ ၂၁ ရက်က ကျေးရွာစာသင်ကျောင်းတွင်ပြုလုပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျန်အောင် က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးကျော်မြင့် က စာကြည့် တိုက်ရှင်သန်ရေး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် ပတ်သက်သည်များကို ရှင်းလင်းမှာကြားသည်။
လှူဒါန်းပွဲတွင် မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးကျော်သန်းထွန်းထံမှ ပေးပို့လှူဒါန်းသည့် စာအုပ်မျိုးစုံ ၅၀ အုပ်နှင့် စေတနာရှင်များ စုပေါင်း လှူဒါန်းသည့် စာကြည့်တိုက်ရန်ပုံငွေအဖြစ် ငွေကျပ် တစ်သိန်းသုံးသောင်းကျော်ကို မြို့နယ်ပြန်/ဆက်ဦးစီးမှူး က ကျေးရွာစာကြည့်တိုက်မှူး ဒေါ်ခင်စိန် ထံ ပေးအပ်လှူဒါန်းကြောင်းနှင့် အဆိုပါနေ့တွင် ကျေးရွာ မူလတန်း ကျောင်းမှ ကျောင်းသား၊ကျောင်းးသူများအား ပညာသင်ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment