ကျောက်ထု ဧပြီ ၂၃
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ ကျောက်ပျဉ်းရွာတွင် ဧပြီ ၂၃ ရက်က လေပြင်းတိုက်ခတ်သဖြင့်
ကျေးရွာမူလတန်းကျောင်းအနီးရှိ သရက်ပင်မှာပြိုလဲမှုဖြစ်ပွါး၍ ကျောင်းဆောင်ပေါ်သို့ ပြိုလဲသွားရာ
ကျောင်းဆောင် အမိုးနှင့်အကာများ ပျက်စီးသွားကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်ခြင်းနှင့် သရက်ပင်ပြိုလဲမှုကြောင့် အလျှား ၈၀ ပေ၊ အနံ ၂၄ ပေရှိ
ကျောင်းဆောင်အမိုးနှင့် အကာအရံများ ၊ ပရိဘောဂများ ပျက်စီးသွားကြောင်းနှင့် ကာလတန်ဖိုး
ငွေကျပ်သိန်း ၂၅၀ ကျော်ခန့် ပျက်စီး ဆုံးရှုံးသွားကြောင်း သိရသည်။
Sunday, April 26, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment